Monday, May 8, 2017

ပေါက်မြို့နယ်၌ မိုးသက်လေပြင်းနှင့်အတူ မိုးရွာသွန်းပြီး နေအိမ် အမိုးလန် သစ်ကိုင်းကျိုးကျမှု ဖြစ်ပွား


ပေါက်   မေ   ၈
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌  မေ ၇ ရက် ညနေ ၅နာရီ ၃၀ မိနစ်ခန့်က မိုးသက်လေပြင်းနှင့်အတူ မိုးရွာသွန်းပြီး  နေအိမ်အနည်းငယ် အမိုးလန်ခြင်း၊ မြို့ပေါ်လမ်းမပေါ်နှင့် လျှပ်စစ်ဓာတ်အားလိုင်းပေါ်များသို့ သစ်ကိုင်းများ ကျိုးကျကာ လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်မှုဖြစ်ခြင်း၊ ပေါက်ချောင်းရေကျကာ ခရီးသွားမော်တော်ယာဉ်များနှင့် မော်တော် ဆိုင်ကယ်များ ခေတ္တစောင့်ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ကျိုးကျပျက်စီးမှုများကို မြို့နယ်   မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့်   မြို့နယ် လျှပ်စစ်ဝန်ထမ်းများက အချိန် နှင့်တပြေးညီ ရှင်းလင်းဖယ်ရှားခဲ့ရာ ခရီးသွား မော်တော်ယာဉ်များ ပုံမှန်သွားလာနိုင်ပြီး လျှပ်စစ်မီးပြန်လည်ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဉာဏ်တိုး(ပေါက်)

No comments:

Post a Comment