Friday, May 12, 2017

ဒုတိယအကြိမ် ဒေသတွင်း မုတ်သုံဖိုရမ် ကျင်းပ

တောင်ကြီး   မေ    ၁၂
ရှမ်းပြည်နယ်၏ ဒုတိယအကြိမ် ဒေသတွင်း မုတ်သုံဖိုရမ်ကို မေ(၁၂)ရက် နံနက်(၈)နာရီ ၃၀ မိနစ်က တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားရာ တောင်ကြီးမြို့တွင် ပထမအကြိမ်ဒေသခွဲဆိုင်ရာ မုတ်သုံဖိုရမ်ကို (၁၈.၈.၂၀၁၆) ရက်နေ့တွင် လည်းကောင်း ပထမအကြိမ်ပြည်နယ်အဆင့် မုတ်သုံဖိုရမ်ကို (၁၈.၁၀.၂၀၁၆) ရက်နေ့တွင် လည်းကောင်း ကျင်းပနိုင်ခဲ့ပြီး၊ တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်တွင် ဒေသခွဲ ဆိုင်ရာ မုတ်သုံဖိုရမ်ကို (၂၁.၁၀.၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ မုတ်သုံဖိုရမ်များကို ကျင်းပပြုလုပ်ခြင်း အားဖြင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ကြိုတင်သတိပေးချက် ထုတ်ပြန်ချက် ခန့်မှန်းချက်များ အပေါ် ဗဟုသုတ အတွေ့အကြုံများ ရရှိပြီး၊
ဖြစ်တာကို တွေ့ရပါကြောင်း၊  ရှမ်းပြည်နယ်၏ ၂၁၀၆-၂၀၁၇ ခြောက်သွေ့ရာသီအတွင်း ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များ ရရှိနိုင်မှုနှင့် အသုံးချမှုကို ပြန်လည်သုံးသပ်ခြင်း၊ ခန့်မှန်းချက်များကို အသုံးချခြင်းမှ ရရှိခဲ့သော အတွေ့ အကြုံများကို အခြေခံပြီး၊ အကြံပြုတင်ပြချက်များကို လက်ခံခြင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ၂၀၁၇ခုနှစ်၊ မုတ်သုံရာသီအတွက် ခန့်မှန်းချက်များ တင်ပြခြင်းနှင့် ဌာနအလိုက် ဖြစ်နိုင်ခြေရှိသော ကြိုတင်ပြင်ဆင်မှု နည်းဗျူဟာများ ချမှတ်ခြင်း၊ အသုံးပြုသူများ၏ တောင်းဆိုချက်အရ တက်ရောက် မှုများ ထည့်သွင်းဖော်ပြသော ခန့်မှန်းချက်များ အကြောင်း မိတ်ဆက်ခြင်း၊ အဓိကထား အကြံပြုချက်များ နှင့် နည်းလမ်းများကို ဖြေရှင်းနိုင်ရန် အတွက် ဦးစားပေးအဆင့်များသတ်မှတ်ခြင်းစသည့် ကောင်မွန်သော ရည်ရွယ်ချက်များဖြင့် ကျင်းပသော ဆွေးနွေးပွဲ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍        မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်)၊ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးမှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး UN-habitat မှ DRR Program Manager Mr.shashark က အမှာစကား ပြောကြား၍ တက်ရောက်လာသူများမှ အပြန်လှန်မိတ်ဆက်ကာ အဖွဲ့လိုက် မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment