Thursday, April 6, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက UNICEF မှ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

(၆-၄-၂၀၁၇ ရက်နေ့၊ နေပြည်တော်)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund - UNICEF) မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Robert Justin Alexander Forsyth ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် UNICEF ၏ မြန်မာနိုင်ငံ၌ ဆောင်ရွက်နေသည့် အစီအစဉ်များ၊ ကလေးသူငယ်များ၏ အာဟာရ ပြည့်ဝရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ အရွယ်မရောက်သေးသူ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးကိစ္စများ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Ref; Ministry of Foreign Affairs Myanmar

No comments:

Post a Comment