Thursday, April 6, 2017

နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့်ဇနီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ

နေပြည်တော် ဧပြီ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ဖိတ်ကြား ချက်အရ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ  တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွဲ့အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ နေပြည်တော် တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ မစ္စတာချန်းချန်းတို့က နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာသန်းမြင့်၊ ဦးဝင်းခိုင်၊ ဒုတိယ ၀န်ကြီး ဦးကျော်တင်၊ ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ သွားကြသည်။

(သတင်းစဉ်)

No comments:

Post a Comment