Thursday, April 6, 2017

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် မော်လ်တာသမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု တည်ထောင်သည့် ပူးတွဲကြေညာချက် လက်မှတ်ရေးထိုး

(၅-၄-၂၀၁၇ ရက်နေ့ ၊ နယူးယောက်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မော်လ်တာသမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် ပူးတွဲကြေညာချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းနှင့် ကုလသမဂ္ဂဆိုင်ရာ
မော်လ်တာအမြဲတမ်းကိုယ်စားလှယ် H.E. Mr. Carmelo Inguanez တို့သည် နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ (၅-၄-၂၀၁၇) ရက်နေ့ ဒေသစံတော်ချိန်(၁၅:၀၀) နာရီအချိန်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
သတင်းဓာတ်ပုံ- မြန်မာအဖွဲ့ရုံး၊ နယူးယောက်မြို့

Ref; Ministry of Foreign Affairs Myanmar

No comments:

Post a Comment