Friday, April 28, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးအား SEAMEO Council President နှင့် ထိုင်းနိုင်ငံပညာရေးဝန်ကြီး H.E. Dr.Teerakiat Jareonsettasin, MD နှင့်အဖွဲ့လာရောက်တွေ့ဆုံ


နေပြည်တော်ဧပြီ ၂၈
ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးအား SEAMEO Council President နှင့် ထိုင်းနိုင်ငံပညာရေးဝန်ကြီး H.E. Dr.Teerakiat Jareonsettasin, MD နှင့်အဖွဲ့သည် ယနေ့ နံနက်၉နာရီခွဲတွင် နေပြည်တော်
ပညာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံရာ မြန်မာ-ထိုင်း နှစ်နိုင်ငံ လက်ရှိ အကောင်အထည် ဖော်ဆောင်ရွက်နေသည့်  အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း များ၊ ပညာရေးပြုပြင် ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းများနှင့် အနာဂတ်ကာလတွင် ပညာရေး ဆိုင်ရာပူးပေါင်းဆောင်ရွက် နိုင်မည့် ကျောင်းနေအရွယ် ကလေးအားလုံး မူလတန်း ပညာသင်ယူပြီး မြောက်ရေးဆောင်ရွက်မှုများ၊ ကျောင်းထွက်သူ ပပျောက်ရေး ဆောင်ရွက်မှုများ၊ သင်ရိုးညွှန်းတမ်းမြှင့်တင်ရေးနှင့် ကျောင်းသုံးစာအုပ် ငှားရမ်းခြင်းစနစ် ဖြင့်ဖြန့်ဝေရေး ဆောင်ရွက်မှုများ၊ အိုင်စီတီအသုံးပြုသင်ကြားသင်ယူရေး ဆောင်ရွက်မှုများ၊ လူတိုင်းအကျုံးဝင် ပညာရေး ဆောင်ရွက်မှုများ၊ ဆရာဆရာမများ အရည်အသွေးမြင့်မားရေးနှင့် ဆရာများအသိအမှတ်ပြုလိုင်စင် စနစ်ကျင့်သုံးရေး ဆောင်ရွက်မှုများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး လုပ်ငန်းများဆောင်ရွက်မှုများ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး အစီအစဉ် ဆောင်ရွက်မှုများ၊ အဆင့်မြင့်ပညာရေး အစီအစဉ်ဆောင်ရွက်မှုများ၊ ပညာရေးအရည်အသွေးအာမခံမှုစနစ်ဆောင်ရွက်မှုများ၊ ဆီမီယိုဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုများကို  ဆွေးနွေးကြသည်။
ထို့နောက် SEAMEO Council President ထိုင်းနိုင်ငံပညာရေးဝန်ကြီးနှင့်အဖွဲ့သည် ထိုင်းနိုင်ငံသို့ပြန်လည် ထွက်ခွာရာ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာ စကားဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြ ကြောင်း သတင်းရ ရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment