နေပြည်တော်
ဧပြီ ၂၈
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည်
မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန် သံအမတ်ကြီး
H. E. Mr. Steve Marshall အား ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့
ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နယူးဇီလန်နိုင်ငံ၏ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ နယူးဇီလန်
နိုင်ငံ့ဝန်ထမ်းစနစ်အတွင်း နိုင်ငံရေးအရ ခန့်အပ်မှုဆိုင်ရာများ၊
ယင်းတို့နှင့် ဆက်နွှယ်သည့် မူဝါဒစည်းမျဉ်းများနှင့် နယူးဇီလန်နိုင်ငံနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းပြုပြင်
ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်များကို မေလ ဒုတိယပတ်အတွင်း သွားရောက်လေ့လာမည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏
ခရီးစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍
ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း၊ အမြဲတမ်းအတွင်းဝန်
ဦးခင်မောင်ဝင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့်
ညွှန်ကြားရေးမှူး ဒေါ်သက်သက်ကျော် တို့ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment