နေပြည်တော်၊ ဧပြီ ၆
မြန်မာနိုင်ငံတွင်လူမှုရေး
ပညာသင်တန်းကျောင်း ထူထောင်နိုင်ရေး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လူ့စွမ်းအား အရင်းအမြစ်
ပြုစုပျိုးထောင်ခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းများ ဆောင်ရွက်ရန် လိုအပ်သည့်
သင်တန်းများ လာရောက်ပို့ချနိုင်ရေး၊ နှစ်ဖက်ပူးပေါင်းပြီး သုတေသန လုပ်ငန်းများ ဆောင်ရွက်ရေး၊
လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှု (Social Cohesion)နှင့် လူမှုရေး ဘာသာရပ်အထူးပြု သင်တန်းများလာရောက်ပို့ချနိုင်ရေးအတွက်
ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ဝင်းမြတ်အေးနှင့် စင်ကာပူနိုင်ငံ၊ Global Institute of Social Work မှ ProfessorDr.
Tan Ngoh Tiong တို့သည် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။ ထို့နောက်
လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူညီမှု အထိမ်းအမှတ် လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်
နိုင်ငံတကာ အသိအမှတ်ပြု အရည်အချင်းပြည့်ဝသော လူမှုဝန်ထမ်းသမား များ မွေးထုတ်နိုင်ရေး
ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment