Thursday, April 6, 2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကမ္ဘာ့မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ ဆွစ်ဇာလန်သမ္မတဟောင်းအား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၆
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အခြေစိုက် ကမ္ဘာ့မူးယစ်ဆေးဝါး မူဝါဒဆိုင်ရာကော်မရှင် (Global Commission on Drug Policy) ၏ ဥက္ကဋ္ဌ ဆွစ်ဇာလန်နိုင်ငံသမ္မတဟောင်း Ms.  RuthDreifuss အား ယနေ့ နံနက် ၁၁ နာရီတွင် လွှတ်တော်အဆောက်အဦ ရေးရာဆောင်အမှတ်(I-1)၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သုံးစွဲမှုများပပျောက် ရေးလုပ်ငန်းများဆောင်ရွက်နိုင်မည့် အခြေအနေနှင့် ဥပဒေပိုင်းမှ ဆောင်ရွက်နိုင်မည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment