နေပြည်တော် ဧပြီ ၆
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက်
Global Commission on Drug Policy (GCDP) ဥက္ကဌဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသမ္မတဟောင်း
Ms. Ruth Dreifuss က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဧည့်ခန်းမတွင်
လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် မူးယစ်ဆေးစွဲကာကွယ်ကုသရေးမူဝါဒကို
ပြည်သူ့ကျန်းမာ ရေးအမြင်ဖြင့် ရေးဆွဲရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးနှင့်ပတ်သက်၍
ပြည်သူ လူထုမှ အပြန်အလှန် ဆွေးနွေးနိုင်သည့်မူဝါဒချမှတ်ရေး၊ မူးယစ်ဆေးစွဲသူများအား
ကုသရေး နှင့်ပတ်သက်၍ ကုသမှုအစုံပါဝင်သည့်မူဝါဒချမှတ်ရေး၊ ပြည်သူလူထုသို့ အသိပညာပေး လုပ်ငန်းများ
ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး၊ Global Commission on Drug Policy (GCDP) မှ
ထုတ်ဝေသော A New Approach to
Decriminalization 2016 Report ကို အသုံးပြုကာ မြန်မာနိုင်ငံနှင့်ကိုက်ညီမည့်မူဝါဒချမှတ်နိုင်ရေးနှင့်
ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်
Lake Garden Hotel ၌ ကျင်းပသော အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်နိုင်ရေး
အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက
အစားအသောက်ဘေးအန္တရာယ်ကင်းရှင်း ရေးဆိုရာတွင် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်သည်မှ အစပြုကာ
သုံးစွဲစားသောက်သည်အထိ အဆင့်တိုင်းတွင် အရေးကြီးပါကြောင်း၊ သက်ဆိုင်ရာအဆင့်တိုင်းတွင်
အန္တရာယ် ကင်းရှင်း ရေးဆိုင်ရာ စံနှုန်းများကို လိုက်နာဆောင်ရွက်နိုင်မှသာ စားသုံးသူများအနေဖြင့်
အန္တရာယ်ကင်းသည့် အစား အသောက်ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊
ဈေးကွက်တွင် ထုတ်လုပ်ရောင်းချနေသော
စားသောက်ကုန်များအနက် အန္တရာယ်ရှိ သော စားသောက်ကုန်များအား ပြည်သူလူထုမှ စားသုံးရန်မသင့်ဟု
သိရှိသည့်အခါ ဝယ်ယူ စားသုံးခြင်းမပြုတော့လျှင် အဆိုပါ အန္တရာယ်ရှိ စားသောက် ကုန်ထုတ်လုပ်မှုများ
ရပ်ဆိုင်းသွားနိုင်ပါကြောင်း၊ သို့ဖြစ်ရာ ပြည်သူများသည် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်း
ရေးဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍ (Gate Keeper) အနေဖြင့် ပါဝင်နေသည် ဖြစ်ပါကြောင်း၊
ပြည်သူလူထုအနေဖြင့်
မည်သည့်အစားအသောက်က စားသင့်သည်၊ မစားသင့်သည်ကို သိရှိစေရန် အလွန်ရေးကြီး ပါကြောင်း၊
သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး
အသိပညာပေးလုပ်ငန်းများကို မြို့ပေါ်သာမက ကျေးလက်ဒေသထိရောက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ပြည်သူလူထုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင်
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်
ဖြစ်ပါ ကြောင်းပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့
ဌာနအကြီးအကဲများ၊ နှီးနွယ်ဝန်ကြီးဌာများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက အစား
အသောက် ဘေးအန္တရယ်ကင်းရှင်းရေးနှင့် စပ်လျဉ်း၍ ကြီးကြပ်ကွပ်ကဲခြင်း လုပ်ငန်းများကို
ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment