Sunday, April 30, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥရောပသမဂ္ဂ (အီးယူ) ဌာနချုပ်၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့် ဗြိတိန် နိုင်ငံတို့သို့ ထွက်ခွာ



ရန်ကုန် ဧပြီ ၃၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့် အတူ ဥရောပသမဂ္ဂ (အီးယူ) ဌာနချုပ်၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့် ဗြိတိန်နိုင်ငံတို့သို့ တရားင် ခရီး သွားရောက်ရန် ယနေ့ည ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံ ဆိုင်ရာ အီတလီ သံအမတ်ကြီး ၊ ဗြိတိန် သံအမတ်ကြီး၊ ဥရောပသမဂ္ဂ (အီးယူ) ဒုတိယ သံအမတ် နှင့် တာဝန် ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါ သွားကြသည်။
(သတင်းစဉ်)

No comments:

Post a Comment