Friday, April 28, 2017
စစ်တွမြို့၌မြန်မာ့လုပ်ငန်းခွင် ဘေးအန္တရယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးနေ့ အခမ်းအနားကျင်းပ
စစ်တွေ ဧပြီ ၂၈
ရခိုင်ပြည်နယ် စစ်တွေမြို့၌ မြန်မာ့လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေးနေ့ အခမ်းအနားကို ဧပြီလ ၂၈ ရက်နေ့ နံနက် (၉) နာရီအချိန်က အလုပ်ရုံနှင့်  အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီး  ဦးပုန်ဘွေ က အဖွင့် အမှာ စကားပြောကြားပြီး ရခိုင်ပြည်နယ် အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးလှမျိုးအောင် က မြန်မာ့လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်ရှင်းရေးနှင့်ကျန်းမာနေ့ ကျင်းပရခြင်း ရည်ရွယ်များကို ရှင်းလင်းပြောကြားသည်။ဆက်လက်ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်ထွန်းက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သိကာင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ ရခိုင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဌာနခွဲမှူး ဦးတင်ဇော်ထွန်း၊ ရခိုင်ပြည်နယ် စည်ပင်သာယာရေးကော်မတီ ဦးစီးအရာရှိ ဦးထွန်းအောင်ဇံ နှင့် အလုပ်သမားကိုယ်စားလှယ် များကလည်း အလုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာများကို ရှင်းလင်းပြာကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရခိုင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ၊ လုပ်ငန်းရှင်းများ၊ အလုပ်သမားကိုယ်စားလှယ် များနှင့် အလုပ်သမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment