Thursday, April 6, 2017

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ အသုံးပြု၍ ဉပဒနှင့်အညီ အသုံးချစီမံ ဆောင်ရွက်ရန်လိုအပ်

နေပြည်တော် ဧပြီ ၅
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ (၅)ရက် မွန်းလွဲ(၁)နာရီခွဲ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဗဟိုကော်မတီ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓါတ်သတ္ထု ထုတ်လုပ်ခြင်း၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြား လုပ်ငန်း များကို ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်ရန် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို ကော်မတီအဖွဲ့ဝင်များမှ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် မူဝါဒချမှတ်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြေလွတ်၊မြေလပ်၊မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အတွင်းရေးမှူး ဦးသက်နိုင်ဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရယူထားပြီး အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသော မြေများအား ပြန်လည် သိမ်းယူရန် စိစစ်တင်ပြချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်း အဖွဲ့များမှ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားမှု အခြေအနေများနှင့် စပ်လျဉ်း၍ လုပ်ငန်းကိစ္စရပ်များ အလိုက် ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာသည့် ဗဟိုကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment