Friday, April 7, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် UNICEF ဌာနချုပ်မှ တာဝန်ရှိသူအား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UNICEF ၏ Deputy Executive Director Mr. Robert Justin Alexander Forsyth အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကလေးစစ်သားပပျောက်ရေးအတွက် UNICEF နှင့်ပူးပေါင်းဆောင်ရွက်နေမှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တည်ငြိမ် အေးချမ်းရေးလုပ်ဆောင်နေမှု၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး UNICEF ၏ Deputy Executive Director နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Bertrant Bainvel တို့ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment