Saturday, April 1, 2017

“နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်မည်”


နေပြည်တော်၊ ဧပြီ ၁
နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာ သက်တမ်းကာလအတွင်းဆောင်ရွက် ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်း ပွဲများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းစည်းဝေးခန်းမ၊ရုံးအမှတ် (၇)၊နေပြည်တော်၌ ကျင်းပပြု လုပ်သွားမည်ဖြစ်ရာ
ပထမအစီအစဉ်အဖြစ် (၄-၄-၂၀၁၇) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တို့ဖြင့် လည်းကောင်း၊ (၆-၄-၂၀၁၇)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာန တို့ဖြင့်လည်းကောင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
တက်ရောက်သတင်း ရယူလိုသည့် ပြည်တွင်း/ပြည်ပသတင်းမီဒီယာများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲ၊ e-mail: ir.pso.moi 2015@gmail.comလိပ်မူ ၍ အမည်၊ သတင်းဌာန၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊လိပ်စာ(e-mailလိပ်စာ) တို့အားပေးပို့ရန်နှင့် ဆက်လက် ရှင်းလင်းမည့် ဝန်ကြီးဌာနများနှင့် ရှင်းလင်းပွဲပြုလုပ်မည့် နေ့ရက် များအားကြိုတင်ဖော်ပြသွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

No comments:

Post a Comment