ရန်ကုန်
ဧပြီ ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးသည် အဆင့်မြင့်ပညာဦးစီး
ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေ၀င်းဦး၊
ဒဂုံတက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ်
ဒေါက်တာအေးအေးထွန်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ
သက်လွင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဒဂုံတက္ကသိုလ်တွင် ၂၀၁၇ ခုနှစ်
တက္ကသိုလ်ဝင်စာမေးပွဲ (ပဲခူးတိုင်းဒေသကြီး)စာစစ် လုပ်ငန်းကို ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဒဂုံတက္ကသိုလ်၊
ပဲခူးတက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်တို့မှ ပါမောက္ခ၊ တွဲဖက် ပါမောက္ခ၊
ကထိက၊ ဆရာ ဆရာမ စုစုပေါင်း( ၇၈၈ )ဦးနှင့်အတူ ပဲခူးတိုင်းဒေသကြီးနှင့်
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အထက်တန်းပြ ဆရာ ဆရာမ စုစုပေါင်း( ၁၂၂၄ )ဦးတို့၏ စာစစ်လုပ်ငန်း
လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment