Thursday, March 2, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် တွေ့ဆုံ



နေပြည်တော် မတ် ၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (UNFC) ၏ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)အား ယနေ့ညနေ ၃နာရီခွဲတွင် နေပြည် တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့် အမှာ စကားပြောကြားသည်။
ဆက်လက်၍ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ ခေါင်း ဆောင် ခူဦးရယ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေးသဘောတူစာချုပ် (NCA)နှင့် အဆိုပြုချက် ၉ ချက်အပေါ် ရှင်းလင်း တင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စရပ် များ အပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ မူပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဆွေးနွေး တင်ပြ ချက်များ အပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာ စကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီးဦးမင်းသူ၊ UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ခေါင်းဆောင် KNPP အတွင်းရေးမှူး ခူဦးရယ်၊ ဒုတိယ အဖွဲ့ခေါင်းဆောင်(၁) SSPP ဗဟိုကော်မတီဝင် ဦးစိုင်းထူး၊ အဖွဲ့ဝင်များဖြစ်သည့် NMSP ဗဟိုအလုပ်မှုဆောင်ကော် မတီဝင် ဒေါက်တာနိုင်ရွှေ သိန်း၊ NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေး၊ ANCမှ ဦးမင်းထွန်း၊ WNO မှ တာ့ညီလူ၊ နည်းပညာအထောက်အကူပြုရုံး အဖွဲ့မှ နိုင်ဗညားမွန်၊ ခူတော်ရယ်၊ ကိုဆန်အောင်၊ နော်ချောစု၊ ခွန်နောင်မင်း ဗညား၊ ကြာရှဲဘိုနှင့် စိုင်းအောင်သိုင်း တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment