Thursday, March 2, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကာတာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အထူး ကိုယ်စားလှယ်များအား သီးခြားစီ လက်ခံတွေ့ဆုံ



နေပြည်တော် မတ် ၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် လည်းကောင်း၊ ကာတာ နိုင်ငံခြားရေးဝန်ကြီး၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Dr. Mutlaq M. Al-Qahtani အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် လည်းကောင်း နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment