နေပြည်တော် မတ် ၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့်သည် ဂျာမနီနိုင် ငံသံရုံးမှ ကောင်စစ်ဝန် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဦးစီးအရာရှိ
ဒေါက်တာ ကာသရီးနားရှပ်ပိစ်နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၁နာရီတွင် ပြန်ကြားရေးဝန်ကြီး ဌာန
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကို
နိုင်ငံပိုင်မီဒီယာမှ ပြည်သူ့ဝန် ဆောင်မှု ရုပ်သံလွှင့်မီဒီယာ (PSB)သို့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ
အောင်မြင် စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် Action Plan နှင့် Timeline ရေး
ဆွဲလုပ်ဆောင်နိုင်ရေး၊ ၀န်ထမ်းများအတွက် HR Plan များချမှတ်၍ စွမ်းရည်မြင့် သင်တန်းများ
ပေးနိုင်ရေး၊ ရုပ်သံလွှင့်မီဒီယာ ဥပဒေရေးဆွဲရာတွင် ပူးပေါင်းဆောင်ရွက် နိုင်ရေး၊
MRTV Webportal ထူထောင်ရာတွင် သတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်နိုင်ရေး၊
မကြာမီ ကျင်းပပြုလုပ်မည့် Transition Forum တွင် အသွင်ပြောင်းရေးဆိုင်ရာ အခြေအနေများနှင့်
ပတ်သက်၍ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment