နေပြည်တော်
မတ်လ ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)၊
အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းနှင့် နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံရှိ စာစစ်ဌာနများသို့
လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ
မြန်မာစာဘာသာဖြေဆိုနေမှု ကိုလှည့်လည်ကြည့်ရှုကာ ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးတို့အား
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးရန် အတွက် စာမေးပွဲစည်းမျဉ်း စည်းကမ်းများ၊
ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
အလားတူပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးဝင်းမော်ထွန်းသည် ရမည်းသင်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြို့မ
အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (သိမ်ကုန်း) စာစစ်ဌာနများသို့
ရောက်ရှိပြီး တက္ကသိုလ် ဝင်စာမေးပွဲ မြန်မာစာဘာသာဖြေဆိုနေမှုများနှင့်
စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု များကို လှည့်လည်ကြည့်ရှုသည်။
(ပညာရေး)


No comments:
Post a Comment