နေပြည်တော် မတ် ၈
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး
ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့သည်
ကမ္ဘောဒီးယားဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. POL SAROEUN ၏ ဖိတ်ကြားချက်အရ
ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ယနေ့ဒေသစံတော်ချိန် နံနက် ၈
နာရီတွင် ဟနွိုင်းမြို့မှ ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား
ဗီယက်နမ်ပြည်သူ့တပ်မတော် နိုင်ငံခြားဆက်ဆံရေးဌာနအကြီးအကဲ Lt. Gen. Vu Chien Thang နှင့်
တပ်မတော် အရာရှိကြီးများ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး
ဦးကျော်စိုးဝင်းနှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး အောင်ကျော်ဦးနှင့်တာဝန်ရှိသူများက
ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည်
ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံ Pochentong တပ်မတော်လေဆိပ်သို့
ရောက်ရှိရာ ကမ္ဘောဒီးယားဘုရင့်တပ်မတော် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.
Eth Sarath နှင့်ဇနီး၊ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမြင့်စိုးနှင့်
ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီးဝင်းကိုနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ကမ္ဘောဒီးယား ဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
Gen. POL SAROEUN ကဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်
ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ရုံးရှိ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် တပ်မတော်ခေါင်းဆောင်များ၏
အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ် များ၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အားကစားအဖွဲ့များ
ချစ်ကြည်ရေးပြိုင်ပွဲများ ကျင်းပခြင်း၊ တပ်မတော်ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ခြင်းနှင့်
လုံခြုံရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရေးတို့နှင့်စပ်လျဉ်း၍
ဆွေးနွေးကြသည်။
ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်
Peace Palace သို့သွား ရောက်၍ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် H.E.Samdach Maha
Sera Pedey Techo HUN SEN အားဂါရ၀ပြုတွေ့ဆုံသည်။
(သတင်းစဉ်)

No comments:
Post a Comment