Wednesday, March 8, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ International Association of Political Consultants (IAPC) ဥက္ကဌဟောင်းအား လက်ခံတွေ့ဆုံ


နေပြည်တော် မတ် ၈
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ International  Association of Political Consultants (IAPC)၏ ဥက္ကဌဟောင်းနှင့် RBI Strategies and Research Inc.၏ ဥက္ကဌ ဖြစ်သူ Mr.Rick Ridder အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား IAPC မှ ၁၉၉၅ခုနှစ်က ချီးမြှင့် ခဲ့သည့် ဒီမိုကရေစီဆုတံဆိပ်အား IAPC အဖွဲ့အစည်းကိုယ်စား Mr.Rick Ridder မှ ပေးအပ်သည်။
IAPC အဖွဲ့အစည်းအား ၁၉၆၈ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်ထွန်းကားရေး အတွက် ဦးတည်ဆောင်ရွက်နေသည့်အဖွဲ့အစည်း ဖြစ်သည်။ ဒီမိုကရေစီထွန်းကားရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ၁၉၈၂ ခုနှစ်မှ စတင်၍ ဒီမိုကရေစီဆုတံဆိပ်ကို ချီးမြှင့်ခဲ့ရာ ပိုလန်နိုင်ငံမှ Mr.Lech Walesa၊ တောင်အာဖရိကနိုင်ငံမှ Mr.Nelson Mandela ကဲ့သို့ ပုဂ္ဂိုလ်များအား ချီးမြှင့်ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)

No comments:

Post a Comment