ကန်ပိုက်တီ မတ်(၃)
ကချင်ပြည်နယ် ကန်ပိုက်တီ နယ်စပ်မြို့ အမှတ်(၁) ရပ်ကွက်၌ မတ် ၃
ရက်နေ့ မွန်းလွဲပိုင်း(၁၂)နာရီ (၅၀) မိနစ်ခန့် အချိန်တွင် ဒေါ်လနန်ချန်းနန်၏ ပျဉ်ခင်း၊
ပျဉ်ကာ၊ သွပ်မိုး (၁)ထပ် နေအိမ် မီးဖိုခန်း မီးကြွင်း မီးကျန်မှတဆင့် အိမ်မကြီးသို့
မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်ရာနေရာသို့ မြို့မီးသတ်ဦးစီးဌာနမှ
မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၁)စီးဖြင့် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊
တပ်ရင်း/တပ်ဖွဲ့များ၊ ဒေသခံများ ပူးပေါင်း၍ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေအိမ်(၁)လုံးသာ
မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)

No comments:
Post a Comment