အင်းတော် မတ်လ
၃ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊
ကသာခရိုင်၊ အင်းတော်မြို့၊ မြို့မဈေးအတွင်း ပြည်သူများစားသုံးရန် မသင့်သည့် အစားအသောက်များ
ရောင်းချနေမှုရှိ-မရှိစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာ
တာဝန်ရှိသူများ ပူးပေါင်း၍ ၂၀၁၇ ခုနှစ် မတ် ၃ ရက် နံနက်
၈ နာရီက ဒုတိယအကြိမ် ကွင်းဆင်း စစ်ဆေးခဲ့ သည်။
'' ဈေးသည်များအနေဖြင့်
မိမိရောင်းချလိုသည့် ပစ္စည်းများကို ရက်လွန်နေမှု၊ မှိုတက်နေမှု ရှိ မရှိ ဆိုတာတွေကို ကုန်ပစ္စည်းရောက်ရောက်ခြင်း
စစ်ဆေးပြီးမှ စားသုံးသူများကို ရောင်းချစေလိုကြောင်း ဒါမှသာ ပြည်သူများ အနေဖြင့် အန္တရာယ်ရှိသော
အစားသောက်များကို မစားသုံးမိကြမှာဖြစ်ကြောင်း မိမိတို့ဈေးသည်များအနေဖြင့်လည်း ဈေးဝယ်
သူများကို စေတနာထားရာ ရောက်ကြောင်း " အဆိုပါပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက
ဈေးသူ ဈေးသားများအား အသိပညာပေး ပြောကြားခဲ့သည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊
မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့သည် မြို့မဈေးအတွင်း
ပြည်သူများစားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်များ၊ ရက်လွန်အစားအစာ များ၊
မုန့်မျိုးစုံများ၊ အေးခဲအသားများနှင့် တရားမ၀င် ကြက်ဥများ ရောင်းချနေမှု ရှိ/ မရှိစစ်ဆေးခဲ့ပြီး၊
သိမ်းဆည်း ရမိသော အေးခဲကြက်သားထုပ်များနှင့် စာသောက်ကုန်ပစ္စည်းများအား အဆိုပါပူးပေါင်းအဖွဲ့တို့က
မီးရှို့ ဖျက်ဆီး ခဲ့ကြသည်။
ဆက်လက်၍ ဈေးသူဈေးသားများအား
စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်
မွန်းလွဲ ၁ နာရီ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ
ကြက်ငှက်တုပ်ကွေးရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလက်ကမ်း စာစောင်များ ကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း
သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)
No comments:
Post a Comment