အင်္ဂပူ မတ်
၃
အင်္ဂပူမြို့နယ်၊ ဝက်သေကျေးရွာအုပ်စု၊ ဇီးပင်ကွင်း(အနောက်) ကျေးရွာ အမကကျောင်းတွင်
မတ်လ(၃) ရက်နေ့ နံနက်(၉)နာရီက မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်
စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောခြင်းနှင့်
တိုင်းရင်းဆေး ဖြင်(့အခမဲ့) ဆေးဝါးကုသပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ဝက်သေကျေးရွာအုပ်စု ၊ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ကြည်မှ အမှာစကား
ပြောကြားပြီး မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်အုန်းလွင်က
အခွန်ဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
ဒေါ်သီသီရှိန်က စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာ
ဦးစီးဌာနမှ စာရေးကြီးဦးထွန်းသန်းက စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် လုပ်ငန်းရှင်များ၏
တာဝန်များကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ယင်းနောက် မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဦးခိုင်ထွန်းဇော်မှ
ကျေးရွာပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့)ဆေးဝါးကုသပေးခဲ့ကြောင်းနှင့်ပြန်ဆက်ဦးစီးဌာနမှ
အသိပညာနံရံကပ် ပြဘုတ်များ ပြသပေးခဲ့ပြီး ယင်းအခမ်းအနားတွင် ကျေးရွာပြည်သူ(၇၀)ဦးအား
တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)


No comments:
Post a Comment