Tuesday, March 7, 2017

တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား မသမာသောနည်းလမ်းများပြုလုပ်ပေး ခြင်းမပြုရန် မိတ္တူဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

ညောင်တုန်း မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်ကာလတွင် ကျောင်းသား/ ကျောင်းသူများအား မသမာသောနည်းလမ်းများပြုလုပ်ပေးခြင်းမပြုရန် မိတ္တူဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၇ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသွင်ကိုကိုမင်းက လုပ်ငန်းရှင်များ၏ မိတ္တူဆိုင်လုပ်ငန်း၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူများအား မသမာသောနည်းဖြင့် စာမေးပွဲဝင်ရောက်ဖြေဆို ရန်အတွက် တက္ကသိုလ် ဝင်စာမေးပွဲနှင့်အကျုံးဝင်သော စာရွက်စာတမ်းများ၊ မိတ္တူကူးခြင်း၊ ချုံ့ခြင်း၊ ချဲ့ခြင်းများ လာရောက်ပြုလုပ်ပါက လုံးဝ(လုံးဝ) ဆောင်ရွက်ပေးခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး အစည်းအဝေးသို့တက်ရောက် လာသည့် မိတ္တူဆိုင်လုပ်ငန်းရှင် ၂၈ ဦးတို့မှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ များအား မသမာသောနည်းများကို ဆောင်ရွက်ပေးခြင်း မပြုကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment