Tuesday, March 7, 2017

မြစ်သားမြို့ နွေရာသီ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ကြိုတင်စီမံဆောင်ရွက်ထားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြစ်သား မတ် ၇
မနလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ယခင်နှစ်နွေရာသီက သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့သော ကျေးရွာ အုပ်စုများကို ယခုနှစ်နွေရာသီတွင် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများ၊မြို့နယ် ရေကော်မတီများ၊ NGOအဖွဲ့များ၊ ရေပြတ်လပ်မှုဖြစ်ပေါ်ခဲ့သော ကျေးရွာများမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊မြို့မိမြို့ဖများ၊ မြို့နယ်စည်ပင်သာယာရေးကော် မတီနှင့်မြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံပိုင်ရှင်များက ပူးပေါင်းပြီးကြိုတင်စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ မတ် ၆ ရက်ကပြုလုပ်ခဲ့သည့် နွေရာသီသောက်သုံး ရေပြတ်လပ်မှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆွေးနွေးချက်များအရ သိရသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်က နွေရာသီကာလသောက်သုံးရေ ပြတ်လပ်မှုကိစရပ်များလျော့နည်း စေရန်ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူးဦးကိုကိုအောင် ကယခင်နှစ်နွေရာသီက သောက်သုံးရေ ပြတ်လပ်မှုများဖြစ်ပေါ်ခဲ့သော ကျေးရွာအုပ်စုများကို ယခုနှစ် နွေရာသီတွင် သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက်တက်ရောက်လာသော        လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ရေကော်မတီ၊ NGO အဖွဲ့များ၊ ရေပြတ်လပ်မှုဖြစ်ပေါ်ခဲ့သော ကျေးရွာများမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ မြို့မိမြို့ဖ များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် မြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံပိုင်ရှင်များကနွေရာသီ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ရေတွင်းများပြုပြင်ထိန်းသိမ်းခြင်း၊ ရေကန်များတွင် ရေကြိုတင်သိုလှောင်ခြင်း၊ ရေသည်ယာဉ်များ စီမံခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်သွားကြရန် ၀ိုင်းဝန်းဆွေးနွေးကြကြောင်း သိရသည်။

ရဲဝင်းထွန်း(မြစ်သား)

No comments:

Post a Comment