Wednesday, March 8, 2017

ကျောက်ဖြူမြို့တွင် ၂၀၁၇ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို


ကျောက်ဖြူ   မတ်လ ၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မတ်လ(၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်မှစတင်ကာ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာအား အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား/သူ (၆၅၉)ဦး၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား /သူ (၅၉၉)ဦး၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား/ သူ(၄၃၆)ဦးဖြေဆိုလျှက်ရှိရာ၊ အ.ထ.က-စစ်တောတွင် ကျောင်းသား/သူ(၂၄၄)ဦး၊အ.ထ.က ကပိုင်ချေုာင်း
တွင် ကျောင်းသား/သူ(၂၇၃)ဦး၊ အ.ထ.က-ကွမ်းချောင်းတွင် ကျောင်းသား/သူ(၂၇၃)ဦး၊ အ.ထ.က-ဇင်ချောင်းတွင် ကျောင်းသား/သူ  (၃၇၇) ဦး၊ အ.ထ.က-စနဲတွင် ကျောင်းသား/သူ (၄၅၆)ဦး၊ ကျောက်ဖြူမြို့ နယ်စာစစ်ဌာန(၈) ခုတွင် အတွင်းဖြေဆိုသူ စုစုပေါင်း(ကျား)(၉၂၄)ဦး၊ (မ) (၁၁၃၃)ဦး၊ အပြင် ဖြေဆိုသူ စုစုပေါင်း(ကျား) ၅၃၄)ဦး၊ (မ)(၇၂၆)ဦး၊ ၄င်းစာဖြေဆိုသူများထဲတွင် ပျက်ကွက်(စာ လာရောက် မဖြေဆိုသူ)များရှိကြောင်း၊ ကျောက်ဖြူမြို့ပေါ်ရှိအ.ထ.က ကျောင်း(၃)ကျောင်းအား ကျောက်ဖြူခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလင်း၊ ကျောက်ဖြူခရိုင်ရဲတပ် ဖွဲ့ဒုတိယရဲမှူး ကြီးဦးဇော်ဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် စာစစ်ဌာန များသို့သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

ဖြိုးဝေလင်း(ခရိုင်ပြန်/ဆက်)

No comments:

Post a Comment