Wednesday, March 8, 2017

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ မြန်အောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန ကျောင်းများတွင်​ စတင်​​ဖြေဆို


မြန်အောင် ၊ မတ် 
မြန်အောင်မြို့နယ်အတွင်း ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန ကျောင်းများတွင်​  မတ်လ ၈ ရက်နေ့က ​ကျောင်းသား ​ကျောင်းသူများ ​​ လာ​​ရောက်​ဖြေဆို​​​​​လျက်ရှိ ကြောင်းသိရသည်။ ​ မြန်ေ​​အာင်​မြို့နယ်​ အတွင်း  အ.ထ.က မြန်အောင်၊ အ.ထ.က နေခြည်၊ အ.ထ.က ကနောင်၊ အ.ထ.က သပြေကုန်း၊ အ.ထ.က အင်ပင်၊ အ.ထ.က တာခွ၊ အ.ထ.က ဇလုပ်မ၊
အ.ထ.က လက်ပံကွင်း စာစစ်ဌာန ကျောင်း(၈)ကျောင်းတို့တွင်  ဘာသာတွဲ(၁)၊ ဘာသာတွဲ (၂)၊ ဘာသာတွဲ (၇)  တို့တွင်​ ​ဖြေဆိုသူ  ​စာရင်းရှိ  အတွင်း​ဖြေ ကျား ၇၈၂ ဦး၊ မ ၁၂၆၄ ဦး  စုစု​ပေါင်း ၂၀၄၆ ဦး၊ အပြင်​​ဖြေ ကျား ၂၁၈ ဦး၊ မ ၂၀၇ ဦး  စုစု​ပေါင်း ၄၂၅ ဦး ရှိ​ပြီး အတွင်း/အပြင်​ ​​စာရင်းရှိ  ကျား ၁၀၀၀ ဦး ၊ မ ၁၄၇၁ ဦး စုစု​ပေါင်း၂၄၇၁ ဦး ရှိ​ကြောင်းနှင့်​ တက္ကသိုလ်​ဝင်​စာ​မေးပွဲ  စတင်​​ဖြေဆို​သော​ မြန်​မာစာ ​ဖြေဆို​သော​နေ့တွင်​ ဘာသာတွဲ (၁)၊ ဘာသာတွဲ(၂)၊ ဘာသာတွဲ (၇) တို့တွင်​ အတွင်း /အပြင်​ ​ဖြေဆိုသူ  ကျား ၈၉၁ ဦး၊ မ ၁၃၉၅ ဦး၊ စုစု​ပေါင်း ၂၂၈၆ ဦး ဖြေဆိုရာနှုန်း ၉၂.၅၁%၊  ပျက်​ကွက်​ ကျား ၁၀၉ ဦး၊ မ ၇၆ ဦး၊ စုစု​ပေါင်း ၁၈၅ ဦး ပျက်​ကွက်​ ရာနှုန်း ၇.၄၉% ရှိ​ကြောင်း  သတင်းရရှိသည်​။

ဝင်းဗိုလ်​ မြန်​​အောင်

No comments:

Post a Comment