Monday, March 6, 2017

(၄)ကြိမ်မြောက် သုံးပွင့်ဆိုင် ရွှေတြိဂံအားကစားပွဲတော်(၂၀၁၇) ကျင်းပ


တာချီလိတ်   မတ်    
ထိုင်းနိုင်ငံ၊ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန၊ ချင်းရိုင်းဌာနခွဲက ကြီးမှူး ကျင်းပသည့် မဲခေါင်မြစ် အောက်ပိုင်း နိုင်ငံများနှင့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ ဒေသတွင်း ဝင်ငွေရရှိစေရေး အထောက်အကူ ဖြစ်စေရန်၊ ကျန်းမာရေး ဆိုင်ရာလှုပ်ရှားမှု တစ်ရပ်ဖြစ်စေရေး   ရည်ရွယ်ချက်များဖြင့်  တော်ဝင်သီရိဒုံ မင်းသမီးဖလား ()ကြိမ်မြောက် သုံးပွင့်ဆိုင် ရွှေတြိဂံအား ကစားပွဲတော် (၂၀၁၇) (Golden Triangle International Triathlon Thailand-2017) ဖွင့်ပွဲကို  မတ် ရက် နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၌ စတင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။   

ထိုသို့  အားကစားပွဲတော် ကျင်းပပြုလုပ်ရာတွင်  စက်ဘီးစီးပြိုင်ပွဲ၊ မဲခေါင်မြစ်တွင်း ရေကူးပြိုင်ပွဲ နှင့်အပြေး ပြိုင်ပွဲများ ပါဝင်ကာ   မတ် ရက်နေ့က   အပြေးပြိုင်ပွဲကို   ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ဆီလက်ဖက်သုတေသနနှင့် ဖွံ့ဖြိုးရေးစခန်းမှ စတင်တာလွှတ်ခဲ့ပြီး၊ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်မှတဆင့် မယ်ဆိုင်မြို့ ဆီလက်ဖက်သုတေသန နှင့်ဖွံ့ဖြိုးရေးစခန်းသို့  ပြန်လည်ပန်းဝင်ယှဉ်ပြိုင်ကြသည်။               
အဆိုပါ အပြေးပြိုင်ပွဲတွင်   ထိုင်းနိုင်ငံမှ အားကစားသမား (၂၀၇)ဦး၊ နိုင်ငံခြားသား(၅၃)ဦး  စုစုပေါင်း  အားကစား သမား(၂၆ဝ)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment