Monday, March 6, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ အရှေ့အာရှ၊ အရှေ့တောင် အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ


နေပြည်တော် မတ် ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အာရှ ဖွံ့ဖြိုး ရေးဘဏ်(ADB)၏ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ Mr. Stephen Groff အား ယနေ့ ညနေ(၄)နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် အခြေခံအဆောက်အအုံကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ ပြည်ပပို့ကုန် ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍနှင့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြ သည်။

တွေ့ဆုံပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ မြန်မာနိုင်ငံတော် ဗဟို ဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

No comments:

Post a Comment