မိတ္ထီလာ မတ်လ
၆
မိတ္ထီလာမြို့နယ်၌ အမျိုးသမီးများ အချင်းချင်း
ချိတ်ဆက်ပူးပေါင်း ပါဝင်ဆောင်ရွက်လာနိုင်ရန်၊ အမျိုးသမီး များ၏ ဦးဆောင်နိုင်မှုအခန်း
ကဏ္ဍအားမြင့်တင် လာနိုင်ရန်နှင့် အမျိုးသမီးများ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု
ဆိုင်ရာ အခွင့်အလမ်းကောင်းများ ဖော်ဆောင်လာနိုင်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး
များနေ့ အခမ်းအနားကို မတ်လ ၆ ရက်နေ့ နံနက် ၉နာရီက ပေါက်ချောင်းရပ်ကွက် ဟိုတယ်ထီလာ လိတ်တွင်
ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးသက်နိုင်က အမှာစကား ပြောကြားပြီး အက်ရှင်အေ့ဒ်မြန်မာ အမျိုးသမီးဌာနမှ အရာရှိ ဦးထက်အောင်ရှိုင်းက
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များ
အသင်းနှင့် မိတ္ထီလာမြို့စီးပွားရေးပညာရှင် ပူးပေါင်းပါဝင်သူများက အမျိုးသမီးများ၏ စီးပွားရေးနှင့်
အသက်မွေး ဝမ်းကြောင်း ဆိုင်ရာအခွင့် အလမ်းများအကြောင်းကို ဆွေးနွေး ခဲ့ကြပြီး အက်ရှင်အေ့ဒ်မြန်မာ
အမျိုးသမီး ဌာနမှ အရာရှိ ဒေါ်နမ်းမေသဉ္ဇာက လက်ရှိကြုံတွေ့နေရသော အမျိုးသမီး ကိုယ်ထူကိုယ်ထ
အဖွဲ့များ၏ စီးပွားရေးဆိုင်ရာ အခက်အခဲများအကြောင်းကို ဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးသက်နိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊
အက်ရှင်အေ့ဒ်မြန်မာမှ တာဝန်ရှိသူများနှင့် စီမံကိန်းဝင်ကျေးရွာများမှ အမျိုးသမီးများ
တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:
Post a Comment