ဗန်းမော် မတ် ၎
ကချင်ပြည်နယ်အစိုးရအဖွဲ့
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးမြသိန်းနှင့် ပြည်နယ်စိုက်ပျိုးရေး
ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတူးမိုင်၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး
ဦးမောင်မောင်ဆန်းနှင့်အဖွဲ့သည် မတ် ၄ ရက် မွန်းလွဲ ၂ နာရီတွင် ကချင်ပြည်နယ် ဗန်းမော်မြို့
မြို့တော်ခန်းမ၌ လူထုတွေ့ဆုံပွဲအခမ်းအနားကျင်းပသည်။
အခမ်းအနားတွင်
ကချင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးမြသိန်းက
အဖွင့် အမှာစကားပြောကြားပြီး တက်ရောက်လာသော ပြည်သူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကာ
ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတူးမိုင်၊ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးစိန်မြင့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြ၍
ဝန်ကြီး ဦးမြသိန်းအား လုပ်ငန်းဆောင်ရွက်မှု လိုအပ်ချက် များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးပြီး
နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၊ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး
အေးသွင်၊ ဗန်းမော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သက်ထွန်း၊
ခရိုင်(NLD)ပါတီဥက္ကဌ ဦးဘမြင့်၊ ဗန်းမော်မြို့နယ်(NLD)ပါတီအတွင်းအရေးမှူး ဦးညီညီဖေတင်နှင့်
ပါတီဝင်များ၊ ခရိုင်၊မြို့နယ်အဆင့်ဌာန ဆိုင်ရာ များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ရေးမှုအဖွဲ့များ၊
မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ (၃၅ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်
No comments:
Post a Comment