ဗန်းမော် မတ် ၎
ကချင်ပြည်နယ်အစိုးရအဖွဲ့
လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်၊ အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ညွှန်ကြားရေးမှူး ဦးစန်းလွင်နှင့်
ခရိုင်ဒုတိယညွှန်ကြားရေးမှူး ဦးအေးပို၊ ပြည်နယ်မီးသတ်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး
ဦးစိုးဝင်းနှင့် ခရိုင်မီးသတ်ဦးစီးမှူး
ဦးစိုးမင်းခိုင်၊ ဗန်းမော် ခရိုင်အုပ်ချုပ်ရေးမှူး
ဦးစိန်မြင့်၊ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအေးသွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးတင်ဦးယု၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ် နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ
လိုက်ပါ၍ မတ် ၃ ရက် နံနက် ၁၁ နာရီခွဲက ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကျွန်းတော်ကျေးရွာရှိ
ဇေယျာဘုမ္မိရွှေပေါ်ကျွန်းဘုရားသို့ သွားရောက် ဖူးမျှော်ကြည်ညိုသည်။ ထို့နောက် ဆရာတော်
ဦးဝိမလအား လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းပြီး စေတီတော်ကြီးနှင့် ခေတ်အဆက်ဆက်က
တည်ထားပြုပြင်ခဲ့သော မင်းများ၏ ရုပ်ပွားတော်များကို လှည့်လည်ပူဇော်ခဲ့သည်။
ဆက်လက်၍
ဝန်ကြီးနှင့်အဖွဲ့သည် ရွှေကူမြို့မရဲစခန်းဗဟိုကင်း၊ စစ်ရေးပြကွင်း၊ အချုပ်ခန်း၊ မြို့နယ်
ရဲတပ်ဖွဲ့မှူးရုံးနှင့် စခန်းရုံးတို့ကို စစ်ဆေးပြီးနောက် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းသို့
သွားရောက်၍ မီးငြိမ်းသတ်ယာဉ်များ၏ ကြံ့ခိုင်မှုကို စစ်ဆေးပြီး သန္ဓေတပ်ဖွဲ့ဝင်များအား
ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထို့နောက်
ဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ရုံး၌ ဝန်ထမ်းများနှင့်
တွေ့ဆုံပြီး ပြည်သူများကို လုပ်ငန်းဝန်ဆောင်မှုပေးရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန်
လမ်းညွှန်မှာကြားသည်။ ထိုမှတဆင့် ဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်မီးသတ်စခန်းဆောက်လုပ်မည့်
မြေနေရာအား ကြည့်ရှုပြီး နောင်လက်ကြီး ကျေးရွာအုပ်စု လေးလမ်းဆုံ၌ ဖွင့်လှစ်ထားသော ပူးပေါင်းစစ်ဆေးရေးဂိတ်သို့
ရောက်ရှိပြီး ဂိတ်တာဝန်ခံအား လုံခြုံရေး၊ တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့်
မူးယစ်ဆေးဝါးဝင်ရောက်မှု မရှိစေရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:
Post a Comment