ကျောက်ပန်းတောင်း မတ် ၎
မန္တလေးတိုင်းဒေသကြီး၊
ကျောက်ပန်းတောင်းမြို့နယ် အင်တိုင်းကျေးရွာအုပ်စု၊ အနောက်အင်တိုင်းကျေးရွာတွင်အ လှူရှင်များ
စုပေါင်း လှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် ကမ္ဘာ့အလင်းစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို
မတ်လ(၄)ရက်နေ့၊ မွန်းလွဲ(၃)နာရီက အဆိုပါ စာကြည့်တိုက်အဆောက်အအုံသစ်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း
သိရသည်။
အခမ်းအနားတွင် ရှေ့ဦးစွာ
စာကြည့်တိုက်ဖြစ်မြောက်ရေးနာယက ခေမာသီဝံစာသင်တိုက်ကြီး၏ ပဓာန နာယကဆရာတော်၊ မဟာဂန္တ၀ါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္တ၀ါစက
ပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘန္ဒ န္တခေမိန္ဒက ကျေးရွာနေ
ပြည်သူများ စာပေဖတ်ရှု လေ့လာကြစေရေး သြ၀ါဒစကားချီးမြှင့်သည်။ ဆက်လက်၍ အနောက်အင်တိုင်းကျေးရွာ
ဇာတိဖွား ဦးသိန်းဆွေ (ညွှန်ကြားရေးမှူး) (မန္တလေးတိုင်းဒေသကြီး
အကောက်ခွန်ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး) က မိမိကျေးရွာနေ ပြည်သူများ အသိပညာဗဟုသုတ လွယ်ကူစွာရှာမှီးနိုင်စေရန်အတွက်
စာကြည့်တိုက်ဖြစ်မြောက်ရေး ဆောင်ရွက်ခဲ့မှုအခြေ
အနေနှင့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝပြီး မိမိတို့၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ပညာရေးအခြေအနေများ
တိုးတက်မြင့်မား လာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက်
ကမ္ဘာ့အလင်း စာကြည့်တိုက် အဆောက်အအုံနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ဦးသိန်းဆွေ(ညွှန်ကြားရေးမှူး)က အနောက်အင် တိုင်းကျေးရွာ
အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး
ဒေါ်မျိုးမြတ်လှိုင်အား လွှဲပြောင်းပေးအပ်ပြီး၊
ညွှန်ကြားရေးမှူး ဦးသိန်းဆွေနှင့်ဝန်ထမ်းများမှ စုပေါင်း လှူဒါန်းသည့် စာကြည့်တိုက်ငွေပဒေသာပင်
ကျပ်သိန်း (၂၀)ကိုရပ်မိ ရပ်ဖဦးထွန်းဆောင်ထံ လွှဲပြောင်းပေးအပ်သည်။ ဆက်လက်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး
ဦးကျော်ရွှေကကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားပထမပိုင်း အစီအစဉ်ကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းအစီ အစဉ်အရစာကြည့်ုတိုက် အဆောက်အအုံသစ်ကို အလှူရှင်ဦးသိန်းဆွေ
(တိုင်းဒေသကြီးဦးစီးမှူး၊ အကောက်ခွန်ဦးစီးဌာန)၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကို၊
ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမြတ်လှိုင်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ရွှေတို့က
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ကျောင်းသူလေးနှစ်ဦးက စာကြည့်တိုက်ဆိုင်းဘုတ်ကို ရွှေကြိုးဆွဲ ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် တက်ရောက်လာသူများမှ စာကြည့်တိုက်အတွင်း ၀င်ရောက်လေ့လာကြည့်ရှုကြပြီး အခမ်းနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်၊
အနောက်အင်တိုင်းကျေးရွာတွင် ယနေ့ဖွင့်လှစ်ခဲ့သည့်
ကမ္ဘာ့အလင်း စာကြည့်တိုက် အဆောက်အအုံမှာ အလျားပေ၄၀xအနံပေ၃၀နှင့် အမြင့်၁၅ပေရှိ၊
အုပ်ကာ၊ သွပ်မိုး၊ သမံတလင်းခင်းဖြစ်၍ ကုန်ကျငွေစုစုပေါင်း မှာကျပ်သိန်း(၁၅၀) ကျော်ဖြစ်ကြောင်းသိရသည်။
စာကြည့်တိုက်တွင်သုတ/ရသ စာအုပ်ပေါင်း ၂၀၀၀ ကျော်ရှိကြောင်းသိရပြီး၊ အဆိုပါ စာကြည့်တိုက်ဖွင့်ပွဲ
အခမ်းအနားသို့ နာယကဆရာတော်ဘန္ဒ န္တ ခေမိန္ဒနှင့် ရွာဦးကျောင်းဆရာတော်ကြီးများ၊ မတည်အလှူရှင်ဦးသိန်းဆွေ
(မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး) နှင့် အလှူရှင်များ၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုနှင့် မြို့မိမြို့ဖများ၊ စကားဝါမြေဖောင်ဒေးရှင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊
ကျေးရွာရပ်မိရပ်ဖများနှင့်ကျေးရွာ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(iprd)

No comments:
Post a Comment