ရန်ကုန် မတ် ၎
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ
လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း၊ ဆေးခန်းအသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင်
အဆိုပါ ဆေးခန်း၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိပုဂ္ဂိုလ်များမှ လူမှုဖူလုံရေး-ကဲဝဲလ်
ဆေးခန်းအသစ်ကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေး အဖွဲ့အနေဖြင့်
လူမှုဖူလုံရေးအဖွဲ့၏ ဆောင်ပုဒ်ဖြစ်သည့် “စုပေါင်း ခြင်းဖြင့် ဖူလုံအံ့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အလုပ်ရှင်ထည့်ဝင်ကြေး၊ အလုပ်သမားထည့်ဝင်ကြေးနှင့်
နိုင်ငံတော်၏ ထောက်ပံ့ငွေဖြင့် စုပေါင်းထားသည့် ရန်ပုံငွေ များဖြင့် အာမခံထားသူ အလုပ်သမားများ
လူမှုဒုက္ခနှင့် ရင်ဆိုင်ရချိန်၊ မကျန်းမာမှု ဖြစ်ချိန်၊ ဝင်ငွေလျော့နည်း ရပ်စဲ သွားသည့်အခါများတွင်
လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များကို ထိရောက်
အကျိုးရှိစွာ ထောက်ပံ့ပေးလျက်ရှိပါကြောင်း။ ထို့အတူ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိခဲ့လျှင်လည်း ဆေးကုသမှုပေးခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်းတို့
အပြင် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားပါကလည်း ခြေတု၊ လက်တု အစားထိုး တပ်ဆင်ပေးခြင်း၊ လုပ်အားဆုံးရှုံးမှု
ရာခိုင်နှုန်းအလိုက် ငွေလုံးငွေရင်းထောက်ပံ့ပေးခြင်းတို့ကို အခြေခံအားဖြင့် လူမှုဖူလုံရေး
အာမခံစနစ် များအရ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့်လက်ရှိ
မြန်မာတစ်နိုင်ငံလုံးမှာ အကျုံးဝင် အလုပ်ဌာနပေါင်း ၂၇,၄၃၈ ဌာနရှိပြီး အာမခံ အလုပ်သမားပေါင်း
၉၇၉,၇၄၉ ဦးကိုအကျုံးဝင်မှတ်ပုံတင်နိုင်ခဲ့ပြီး အာမခံအလုပ်သမားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းနှင့်
ငွေကြေးအကျိုးခံစား ခွင့်များ ထောက်ပံ့ပေးရန် လူမှုဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်
ဆောင်ရွက်ပေးလျက်ရှိသော မြို့နယ်ပေါင်း (၁၁၀)
မှာ ရုံးခွဲပေါင်း (၇၇) ရုံး၊ ဆေးခန်းပေါင်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၅၀)ခန်းနှင့်
တိုင်းရင်းဆေးကုခန်း (၁)ခန်း၊ အလုပ်သမား ဆေးရုံကြီး(၃)ရုံ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်
ရှိပြီး ရွေ့လျားဆေးကုသယာဉ် ၂ စီး ဖြင့် လုပ်ငန်းခွင်မပျက် ကျန်းမာရေး ဝန်ဆောင်မှုပေးခြင်းတွေကို
အရှိန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
လှိုင်သာယာမြို့နယ်တွင်
လွန်ခဲ့သော နှစ်နှစ်ခန့်က လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းကို ဖွင့်လှစ်ပေးခဲ့ပြီး အောင်မြင်မှု
ရရှိခဲ့သည့်အတွက် အာမခံအလုပ်သမား ဒုတိယအများဆုံးဖြစ်သော မင်္ဂလာဒုံမြို့နယ်တွင် Care
Well Medical Co.,Ltd နှင့် ပူးပေါင်း၍ လူမှုဖူလုံရေး-ကဲဝဲလ် ဆေးခန်းသစ်အား ယနေ့ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။
ယနေ့ဖွင့်လှစ်တဲ့ မင်္ဂလာဒုံ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းအပြင် အာမခံ အလုပ်သမားများရဲ့
လူမှုအကျိုးစီးပွား ပိုမိုကောင်းမွန်လာစေဖို့အတွက် လိုအပ်သည့်နေရာ၊ မြို့နယ်များတွင်
စာချုပ်ဆေးခန်း တိုးချဲ့ဖွင့်လှစ်နိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိသည့်အပြင် အလုပ် သမားများ
လုပ်ငန်းခွင်မပျက် ဆေးကုသမှု ပေးနိုင်ရေး ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit)ဖြင့် ဆေးကုသ ခြင်း အစီအစဉ်ကို ထပ်မံတိုးချဲ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
ကိုလည်းအသိပေးတင်ပြ လိုပါကြောင်း။
တိုင်းဒေသကြီးအတွင်းရှိ
မြို့နယ်အလိုက် အကျုံးဝင်အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားများ အနေဖြင့်လည်း မိမိတို့
အလုပ်ဌာနများက အလုပ်သမားများကို လူမှုဖူလုံရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကျုံးဝင်မှတ်ပုံတင်ပြီး
ထည့်ဝင် ကြေးများပေးသွင်း၍ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း။ သို့မှသာ
အလုပ်သမားများအနေဖြင့် လူမှု ဖူလုံရေးအဖွဲ့မှ ထောက်ပံ့သည့် ထိရောက်ပြည့်စုံသော အကျိုးခံစားခွင့်များကို
ရရှိနိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Care
Well Medical Co.,Ltd ၏အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာမူယာညွန့်မှ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း
အသစ် ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေများ အားရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့်
ဧည့်သည်တော်များသည် လူမှုဖူလုံရေး-ကဲဝဲလ် ဆေးခန်းအသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment