Wednesday, March 1, 2017

ဒလမြို့နယ် ခနောင်မီးခြစ်စက်ကျေးရွာ အရှည်ပေ (၆၆၀၀) တစ်မိုင်ကျော်ခန့်ရှိ ကျေးရွာခြင်းဆက် ကွန်ကရစ်လမ်းခင်း

 ဒလ မတ် ၁
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ခနောင်မီးခြစ်စက်ကျေးရွာ နှင့် ခနောင်ရွာမကျေးရွာ အကြားရှိ အရှည်ပေ (၆၆၀၀) တစ်မိုင်ကျော်ခန့် ကျေးရွာချင်းဆက် လမ်းအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန လမ်းနှင့် တံတား မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးစည်ပင်သာယာ ဘတ်ဂျက်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာကွန်ကရစ် လမ်းသစ်ခင်းခြင်း လုပ်ငန်းများကို   ဖေဖော်ဝါရီ ၂၂ ရက်နေ့က စတင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျေးရွာကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန လမ်းနှင့် တံတား  တာဝန်ခံ အင်ဂျင်နီယာ ဦးမောင်မောင်လွင် မှ  ကျေးရွာကွန်ကရစ်လမ်းအား သတ်မှတ် စံချိန်စံညွှန်များနှင့်အညီ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လမ်းအရှည်ပေ (၆၆၀၀)၊ အကျယ်(၁၀)ပေ၊ အမြင့်(၆)လက်မ ရှိကြောင်းသိရသည်။
“ကျွန်တော်တို့ ခနောင်မီးခြစ်စက်ကျေးရွာနဲ့ အနီးအနားမှ ကျေးရွာ(၇)ရွာက လမ်းပန်ဆက်သွယ်ရေးမကောင်းခဲ့တာ နှစ်ပေါင်း အတော်ကြာပါပြီး၊ မီးလည် မရရှိသေးဖူး၊ အရင်က ကျေးရွာလမ်းတွေ မကောင်းလို့ တစ်ရွာနဲ့တစ်ရွာ သွားလာရေး အဆင်မပြေကြဖူး၊ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာ(၇)ရွာမှ ကျောင်းသား၊ ကျောင်းသူများလည် မိမိတို့ ကျေးရွာရှိ ခနောင်မီးခြစ်စက်ကျေးရွာရှိ အထက်တန်းကျောင်းခွဲသို့ ပညာသင်ကြားနေရသောကြောင့် မိုးတွင်းဘက်ဆို အတော်ဒုက္ခရောက်ပါတယ်၊ ဒလမြို့မှ (၂) မိုင် နီးပါးကျော်ရှိလို့ ခရီးမပေါက်ဖူး အရမ်းဝေးတယ် စရိတ် စခ အကုန်အကျ များပါတယ်၊ ယခုလို အရမ်းဝေးလံတဲ့ ကျေးရွာတွေမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းတို့ကြောင့် ဒေသခံပြည်သူများရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေ အစစအရာရာ အဆင်ပြေသွားမှာဖြစ်လို့  ပြည်သူတစ်ယောက်အနေနဲ့ အရမ်းဝမ်းသာနေမိပါတယ်” ဟု ခနောင်မီးခြစ်စက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်စိုး က ပြောကြားခဲ့သည်။
အဆိုပါ ခနောင်မီးခြစ်စက်ကျေးရွာတွင် လူဦးရေ(၃၃၀၀)ကျော်၊ အိမ်ခြေ (၇၀၀) ခန့်နှင့် ရွာနီးခြင်းဆက်ရှိ ကျေးရွာ(၇)ရွာမှ ဒေသခံပြည်သူ (၁၀၀၀) ကျော်တို့ နေထိုင်လျက်ရှိကြောင်း၊ ကျေးရွာခြင်းဆက် ကွန်ကရစ်လမ်းမှာ အရှည်ပေ(၆၆၀၀) တစ်မိုင်ကျော်ခန့်ရှိပြီး စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း(၁၁၀၀)ကျော် ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာပေါင်း(၈)ရွာရှိ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment