ခန္တီး မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး
ခန္တီးမြို့ ၌ လက်ဖက်စိုက်ပျိုးနည်းပညာနှင့် ကိုင်းဖြတ် စိုက်ပျိုးနည်း သရုပ်ပြပွဲကို
မတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီက ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် လက်ဖက်ခင်း၌ ပြုလုပ်ကျင်းပခဲ့ကြောင်း
သိရသည်။
ကွင်းသရုပ်ပြပွဲတွင်
မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်ကိုကိုက လက်ဖက်နှင့် နှစ်ရှည်ပင်များ ဖြန့်ဖြူးပေးနေမှု
အခြေအနေနှင့် လက်ဖက်ပင် အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ထန်ပါခွေ
မြို့နယ်ဦးစီးမှူး ဦးနိုင်ကျော်စိုးက လက်ဖက်တိုးချဲ့စိုက်ပျိုးရေးနှင့် ကိုင်းဖြတ်စိုက်ပျိုးနည်းများအား
လက်ဖက်စိုက် တောင်သူများ ရှေ့မှောက်တွင် လက်တွေ့ သရုပ်ပြ ပညာပေးခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို
့လက်ဖက် စိုက်ပျိုးလိုသူတောင်သူဦးကြီးများ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ
ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment