လွိုင်ကော် မတ် ၁
မြို့တော်၏ အင်္ဂါရပ်များနှင့်အညီ ဘက်စုံဖံွ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ မြေငှားဂရန် ရရှိပိုင်ဆိုင်ခြင်းဖြင့်
ပြည်သူလူထုများ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု များသည်လည်း
အထောက်အပံ့ ဖြစ်စေနိုင်သဖြင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွင် နေထိုင်သည့် မြေယာအရှုပ်အရှင်း
ကင်းလွတ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်သော ဦးပိုင်များအားမြေငှားဂရန်
ထုတ်ပေးသင့်ကြောင်း ပြည်သူများ၏ တင်ပြချက်များအရ မြေပိုင်ဆိုင်မှု အထောက်အထား
ခိုင်လုံစွာ
တင်ပြနိုင်သူတို့ကိုလုပ်ထုံး လုပ်နည်းနှင့် အညီ မြေပိုင်ဆိုင်မှု စိစစ်ရေး ကော်မတီများ
ဖွဲ့စည်းတာဝန်ပေးအပ်ပြီး စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယနေ့
နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင်
ဒုတိယအကြိမ် မြေငှားဂရန် လျှောက်ထားသူ (၂၄)ဦးကိုမြေငှားဂရန်များထုတ်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ်
ဦးအယ်လ်ဖောင်းရှို တက်ရောက်အဖွင့်အမှာ စကားပြောကြားပြီး မြေငှားဂရန် လျှောက်ထားသူ
(၂၄)ဦးအား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဦးဘော့စ်ကိုနှင့် ပြည်နယ်အစိုးရအဖွဲ့။ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က
မြေငှားဂရန်များပေးအပ်ခဲ့သည်။
ယင်းနောက် ဒေါတမရပ်ကွက် ရပ်မိရပ်ဖတစ်ဦးကကျေးဇူးတင်စကား
ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မြေငှားဂရန်လျှောက်ထားသူများအား လွိုင်ကော်မြို့၊
ဒေါဥခူရပ်ကွက်၌ (၁၆)ဦး၊ ဒေါတမရပ်ကွက်၌(၂ဝ)ဦး၊ မိုင်းလုံး ရပ်ကွက်၌ (၂၁)ဦး၊ ဒေါနိုးကူးရပ်ကွက်၌
(၁၈)ဦးနှင့် ယခုမြေငှားဂရန်လျှောက်ထားသူ(၂၄)ဦးအပါအဝင် စုစုပေါင်း(၉၉) ဦးအား မြေငှားဂရန်များ
ထုတ်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။
ကယားပြည်နယ်ပြန်/ဆက်

No comments:
Post a Comment