Friday, March 3, 2017

ဆိပ်ဖြူမြို့နယ်တွင် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်မှူးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်

   

 ဆိပ်ဖြူ     မတ်    
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး စာကြည့်တိုက်မှူးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို မတ်လ၃ ရက်နေ့ က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြုလုပ်သည်။

အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၊ တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်၍ ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူအများစာပေ ဗဟုသုတများကိုစာကြည့်တိုက်များတွင် လာရောက်လေ့လာရာတွင် စာကြည့်တိုက်ဝန်ဆောင်မှုများကို ညွှန်ပို့စနစ်ဖြင့် ၀န်ဆောင်မှုအပြည့်အ၀ ဆောင်ရွက်မှုပေးနိုင်ရေး ၊ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းအားနည်းချက် အားသာချက်များကို ဖော်ထုတ်ပြီး ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရည်ရွယ်၍ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားပေးခဲ့သည်။ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၊ တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင်၊မြို့နယ် စာပေနှင့်စာနယ်ဇင်းဥက္ကဋ္ဌ ဦးစိုးတင့်(ပျော်ရွှင်ဆိပ်ဖြူ)က စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်များနှင့် စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများ ညီလာခံ အတွေ့အကြုံများကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက်မှူး ဦးဌေးမောင်က စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများ ညီလာခံမှ ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်နေမှု အတွေ့အကြုံများကို  ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်မှူးများက စာကြည့်တိုက် ၀န်ဆောင်မှု လုပ်ငန်းများကို တစ်ဦးချင်းစီဆွေးနွေးခဲ့ကြသည်။

ထို့နောက်   မြို့နယ်အဆင့်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ကော်မတီကိုဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment