အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်
''လူထုအသိပညာပေးအကြိုလှုပ်ရှားမှု'' မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က(၂၇)
ကျောင်းခန်းမ၌ မတ် ၃ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ
မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မြဌေးဝင်း က အဖွင့်အမှာစကားပြော ကြားပြီး
အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံအား
ရှင်းလင်း ပြောကြားသည်။
ထို့နောက်
မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ မှ အသိပညာပေးဇာတ်လမ်းသရုပ်ဖော်ကပြခြင်းနှင့်
Rule of Law (တရားဥပဒေစိုးမိုးရေးစင်တာ) မှ ရပ်ရွာဦးဆောင်ဘ၀သရုပ်ဖော်အသိပညာပေးပြဇာတ်ဖြင့်
လည်းကောင်း အသီးသီးဖျော်ဖြေ၍ လူထုအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာယုယုမေ ၊ မန္တလေးတိုင်း
ဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ မှ တာဝန်ရှိသူများ၊ Rule of Law မှ တာဝန်ရှိသူများ၊မြို့နယ်အုပ်ချုပ်ရေး
မှူး ဦးဘုန်းထက်နိုင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုဇုံရှိ အလုပ်ရှင်များ၊
အလုပ်သမားများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
သန်းဇော်မင်း
(ပြန်/ဆက်)
No comments:
Post a Comment