Tuesday, March 7, 2017

တောင်တလုံး-ကြပ်ပြင်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရေကျော်တံတား(၂)စင်း တည်ဆောက်မှုအား ကွင်းဆင်းစစ်ဆေး

တံတားဦး မတ် ၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မွမ်းမံရန်ပုံငွေဖြင့် အောင် မိသားစု ကုပ္မဏီမှ တာဝန်ယူ တည်ဆောက်သည့် တောင်တလုံး-ကြပ်ပြင်ကျေးရွ့ာချင်းဆက်လမ်းပေါ်ရှိ လမ်းပေါ်ရှိ အရှည် ၁၀၀'× ၂၀'×၆" ရှိရေကျော် တံတား (၂)စင်း တည်ဆောက်နေမှုအား ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးမှူး ဦးဇော်မင်းသိုက် ဦးဆောင်သည့် QC /WD အဖွဲ့နှင့် တံတားဦးမြို့နယ် ကျေးလက်ဒေသတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲလွင်နှင့် တာဝန်ရှိသူများသည် ယနေနံနက် (၁၀) နာရီက အဆိုပါ ရေကျော် တံတားများ တည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေးရာ အောင် မိသားစု ကုပ္မဏီမှ ရေကျော်တံတား တည် ဆောက် ထားရှိမှုကို အသေးစိတ်ရှင်းလင်းတင်ပြသည်။

ထို့နောက် ခရိုင်ဦးစီးမှူးမှ ရေကျော်တံတားတည်ဆောက်မှုနှင့် ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး ကောင်းမွန်ရေး စံချိန်စံညွှန်းပြည့်မီရေး သတ်မှတ်အချိန်ကာလအတွင်းပြီးရေး သို့မှသာ ကျေးလက်နေပြည်သူများ၏ လမ်းသွားလာ နိုင်မှုအဆင်ပြေမည်ဖြစ်ကြောင်းပြောကြားသည်။
အဆိုပါရေကျော်တံတား(၂)စင်း၏ တည်ဆောက်မှုကုန်ကျစရိတ်မှာ ငွေကျပ်သန်းပေါင်း(၂၆.၄)သန်းဖြစ်ပြီး လုပ်ငန်းပြီးစီးမှု ပမာဏ အနေမှာ  ရာခိုင်နှုန်းပြည့်ပြီးစီးနေဖြစ်ပြီးဖြစ်ပါကြောင်း ရေကျော်တံတား(၁)စင်း၏ ကုန် ကျမှုတန်ဘိုးမှာဆိုင်ရင် ငွေကျပ်သန်းပေါင်း (၁၃.၂) သန်းဖြစ်ပါကြောင်း ယခုလိုရေကျော်တံတားများ တည်ဆောက် ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်တို့ကို အကျိုးပြုမည့် ရေကျော်တံတားများဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးရဲလွင်ကပြောကြား၍ သိရသည်။

ရဲတင့်

No comments:

Post a Comment