နေပြည်တော် မတ် ၈
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်တို့ ပူးပေါင်းကျင်းပသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ
ကိစ္စရပ် များအတွက် ပုံမှန်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီတွင် မြန်မာနိုင်ငံတော်
ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး
ဒေါက်တာသန်းမြင့်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ဒုတိယဥက္ကဌ ဦးဆက်အောင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေး
မှူးချုပ်များ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ယခင်ဆွေးနွေးချက်များအပေါ်
ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန် ကိစ္စရပ်များအား ပြန်လည်သုံးသပ်၍ ပိုမိုထိရောက်မြန်ဆန်စွာ
ဖြေရှင်းဆောင်ရွက် သွားရေး၊ ပုဂ္ဂလိကဘဏ်များ အနေဖြင့် လက်ရှိတွင် အပေါင်ပစ္စည်း ရယူသောချေးငွေ
(Quality Loan) ချေးငွေများအား ထုတ်ချေးလျက်ရှိရာ လူနည်းစုကိုသာ အကျိုးရှိထိရောက်မှုရှိသဖြင့်
ပြည်သူအများစု ပါဝင်ချေးယူခွင့် ရရှိရေးအတွက် အရည်အသွေးမီ အပေါင်ပစ္စည်း ရယူသောချေးငွေအပေါ်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လက်ရှိသတ်မှတ်သည့် နှုန်းအတိုင်း ထားရှိပြီး အခြားချေးငွေများ
အတွက် အတိုးနှုန်းအား သက်ဆိုင်ရာဘဏ်များ ကသာမိမိတို့၏ အန္တရာယ်ရှိနိုင်ခြေ စီမံခန့်ခွဲမှု
မူဝါဒ(Risk Management Policy)အရအတိုးနှုန်းသတ်မှတ် ဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံတော်
ဗဟိုဘဏ်ကကြပ်မတ်ဆောင်ရွက်ရေးစသည်တို့အား ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment