ပျော်ဘွယ်
မတ် ၃
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
မြို့နယ်အတွင်းရှိရပ်ကွက်နှင့်ကျေးရွာများရှိ စာကြည့် တိုက်များ ရေရှည်ရှင်သန်ခိုင်မာရေးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍
စာကြည့်တိုက်ဝန်ဆောင်မှုမြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ(၃)ရက်၊ နံနက်(၉)နာရီက
အဆိုပါရုံးတွင်ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကိုကို နှင့် မြို့မိမြို့ဖများ၊
မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာစာကြည့်တိုက်(၄၅)မှ စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကိုကိုက
ဝန်ဆောင်မှုအကောင်းဆုံးပေးနိုင်သောစာကြည့်တိုက်များ ဖြစ်ပေါ်လာစေရေး အတွက် ရှင်းလင်းဆွေးနွေးပြီး
မြို့မိမြို့ဖ ဦးစိုးမြင့်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှင်းလင်း
ဆွေးနွေးကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
မြို့နယ်ဦးစီးမှူး ဦးဖုန်းနိုင်က စာကြည့်တိုက် ဝန်ဆောင်မှုအလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏
ရည်ရွယ်ချက်များကို လည်းကောင်း၊ ကျေးရွာစာကြည့်တိုက်မှူး ဦးထွန်းကြည် က ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင်
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ စာအုပ် စာစောင်တိုးပွားရေးနည်းလမ်းများ၊
စာကြည့်တိုက်များသို့ စာကြည့်သူများစိတ်ဝင်တစားလာရောက်နိုင်ရေးနည်းလမ်း များ၊ စာကြည့်တိုက်များ
ပုံမှန်ဖွင့်လှစ်နိုင်ရေးအတွက်နည်းလမ်းများ၊ ရန်ပုံငွေရရှိရေးနည်းလမ်းများ စသည် တို့ကို
အဖွဲ့ငယ်များဖွဲ့၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မင်းမင်းထွေး(ပျော်ဘွယ်)
No comments:
Post a Comment