ရွှေဘို မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊
ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ခု၊
ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၅၂) သန်းဖြင့် နှမစားရစ်-လိပ်ချင်းကျေးရွာချင်းဆက်လမ်း
ချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်နေမှုကို မတ်လ ၃ ရက်နေ့က ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ
ဦးမောင်ထူး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးမြင့်နှင့် မြို့နယ်ဦးစီးမှူး
ဦးဝင်းမြတ်သိန်းတို့က မတ်လ ၃ ရက်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ လုပ်ငန်းတာဝန်ခံ
လက်ထောက် ညွှန်ကြားရေးမှူး၊ နည်းပညာ ဦးအောင်မြင့်သန်းက လုပ်ငန်းများ ပြီးစီးမှုအခြေအနေများကို
ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါတံတားသည် ဇီးဖြူကုန်း-နှမစားရစ်-လိပ်ချင်း
ကျေးရွာများမှ ရွှေဘို-ရေဦး ကတ္တရာလမ်းမကြီးသို့ ဆက်သွယ်ထားသည့် တံတားဖြစ်ပြီး ယခင်က
အသားတံတားအစား ယခုတံတားမှာ အရှည် (၇၀)ပေ၊ အကျယ်(၁၂)ပေ၊ ကျောက်ရိုးစီ သံဘောင်ယက်မ ကွန်ကရစ်ကြမ်းခင်းတံတားအမျိုးအစားဖြစ်ကြောင်း
တံတားတည်ဆောက်ခြင်း လုပ်ငန်းမှာ (၉၀) ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးမှူး ဦးဝင်းမြတ်သိန်းက ပြောကြားခဲ့သည်။
ယခုသွားလာနေသော အသားတံတားမှာ
ကျေးရွာသုံးရွာမှ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ အချိန်မီတင်ပို့နေရသဖြင့် အန္တရာယ်ရှိနေပြီဖြစ်ကြောင်း
ရာသီမရွေးသွားလာမှု အဆင်ပြေချောမွေ့စေရန် တံတားအသစ် ဆောက်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း
ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ခရိုင် (ပြန်/ဆက်)

No comments:
Post a Comment