ကျောက်ဖြူ မတ်လ ၃
ရခိုင်ပြည်နယ်၊
ကျောက်ဖြူမြို့၌ မတ်လ(၃)ရက်နေ့၊ နံနက်(၉)နာရီ အချိန်က အ..ထ.က(၁)တွင် ကမ္ပည်းမော်ကွန်း
ကျောက်ပြားအား ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ ခဲ့သည်။
အဆိုပါအခမ်းအနားကို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သံရုံး၏ သံမှူးကြီး
Mr.ChenChen (ခင်စိန်)၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်၊
ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ္ဋ်ဦး၊ ခရိုင်ပညာရေးမှူးနှင့် အ.ထ.က(၁)
ကျောင်းအုပ်ဆရာကြီးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး၊ ကမ္ပည်းမော်ကွန်း ကျောက်ပြားအား
အမွှေးနံသာရည်ပက်ဖြန်းခဲ့ကာ၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍
တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သံရုံး၏သံမှူးကြီး Mr.ChenChen (ဦးခင်စိန်)မှ အဖွင့်အမှာစကား
ပြောကြားခဲ့ပြီး၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်နှင့်
အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်တို့က တရုတ်-မြန်မာချစ်ကြည်ရေး ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့်
ကမ္ပည်းမော်ကွန်းကျောက်ပြားပေးအပ်တဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အခြေခံပညာကဏ္ဍမှာ ကျောင်းပေါင်း(၄၇၃၆၃)ကျောင်းရှိကာ၊
ဆရာ/မပေါင်း (၃၄ဝဝဝဝ)ကျော်မှ ကျောင်းသား ပေါင်း (၉၂၆ဝဝဝ)ကျော်ကို ပညာသင်ကြားပေးလျက်ရှိပါကြောင်း၊
အခြေခံပညာ ကဏ္ဍမှ လိုအပ်နေသော ကျောင်းဆောင်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်မှ ကူညီဝိုင်းဝန်းလှူဒါန်းပေးတဲ့အတွက်
ကျေးဇူးတင်ရှိပါကြောင်း၊ အ.ထ.က(၁)တွင် ပညာသင်ကြားနေသော ကျောင်းသား/သူ(၁၇ဝ၂ဝ)ဦး ရှိပါကြောင်း၊
ဆရာ/မနှင့်ဝန်ထမ်းအင်အား(၇ဝ)ဦးရှိပါကြောင်း၊ များပြားလှသော ကျောင်းသား/သူများ အခက်အခဲမရှိ
ပညာသင်ကြားနိုင်ရေးအတွက် ယခုလို လှူဒါန်းပေးတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့ပြီး
အခမ်းအနားကို ဌာနဆိုင်ရာများ၊ ရပ်မိ/ ရပ်ဖများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ခဲ့ကြောင်း
သတင်းရရှိသည်။
ကျောက်ဖြူ
(ပြန်/ဆက်)
No comments:
Post a Comment