မတ်
၎၊ ၂၀၁၇
ကွတ်ခိုင်မြို့နယ် ဟိုပုံစုစည်းကျေးရွာနေ
ဦးရှီချန်းရိ ၃၉ နှစ်၏နေအိမ်သို့ မတ် ၃ ရက် ည ၁၂ နာရီကျော်ခန့်က မျက်နှာဖုံးတပ်ဆင်ထားသူ
လူ ၄ ဦးသည် ပစ္စတို ၁ လက်၊ M-22 ၁လက်ကိုင်ဆောင်၍ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးရှီချန်းရိအား
ထိုင်ခိုင်းကာ ပစ္စတိုဒင်ဖြင့် နဖူးအားထုသောကြောင့် ဦးရှီချန်းရိက ထွက်ပြေး သွားခဲ့သည်။
ထွက်ပြေးစဉ် M-22 သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ
ဦးရှီချန်းရိ၏ ညာလက်မောင်း၊ ညာလက်ကောက်ဝတ်၊ ညာပေါင် ဖောက်ဝင် ဒဏ်ရာ ၃ ချက်၊ နဖူးဖုရောင်ဒဏ်ရာ
(မစိုးရိမ်ရ) ရရှိခဲ့သည်။ နံနက် ၄ နာရီတွင် ဦးရှီချန်းရိအား နမ့်ဖတ်ကာတိုက်နယ် ဆေးရုံမှတစ်ဆင့်
မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။
သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ လူ ၄ ဦး (စိစစ်ဆဲ)
အားနမ့်ဖတ်ကာရဲကင်းစခန်းမှ (သေစေရန်အပြင်းအထန် နာကျင်စေမှု) ဖြင့် ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း
သိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

No comments:
Post a Comment