Friday, March 3, 2017

ဖဲလျားကျေးရွာတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ ကျင်းပ


ဒီးမော့ဆို            မတ်      
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူအကျိုးပြု နယ်လှည့်ဝန်ဆောင်မှုလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို မတ် ၃ ရက် နံနက် ၁၀ နာရီအချိန်က ထီးဖိုးကလိုးကျေးရွာအုပ်စု ဖဲလျားကျေးရွာ ပရားဖဲခန်းမဆောင်တွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က စာဖတ်ခြင်း အကျိုးကျေးဇူးကို လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန ဦးစီးမှူး ဦးဇော်လင်းက တိုင်းရင်းဆေးပညာ သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်မီးသတ်စခန်း ဒုတိယဦးစီးမှူး ဦးကြည်စိုးဟန်က မီးဘေးလုံခြုံရေးသိကောင်းစရာများကို လည်းကောင်း၊ ထီးဖိုးကလိုးကျန်းမာရေးဌာန လက်ထောက်ကျန်းမာရေးမှူး ဦးဟန်မြင့်စိုးက ဝမ်းပျက်ဝမ်းလျော့ရောဂါနှင့် ပတ်သက်၍ သိကောင်းစရာများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
အသိပညာပေးဟောပြောပွဲသို့ ထီးဖိုးကလိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၉ ရွာမှ ပြည်သူလူထု ၉၀ ဦး တက်ရောက်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်ကာ ခင်းကျင်းပြသထားသော မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

No comments:

Post a Comment