တပ်ကုန်း မတ်လ ၂
နေပြည်တော်ဥတ္တရခရိုင်၊
တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအား(အခမဲ့)ကွင်းဆင်း ကုသပေးခြင်းနှင့်
ကျန်းမာရေး အသိပညာပေးခြင်းကို နေပြည်တော် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဆေးရုံမှ အထူးကုဆရာဝန်ကြီးများနှင့်
တပ်ကုန်းခုတင်(၁ဝဝ)ပြည်သူ့ဆေးရုံတို့ ပူးပေါင်း၍
မတ်လ ၂ ရက် နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ညောင်လွန့် ကျေးရွာအုပ်စု၊ ညောင်လွန့်ကျေးရွာအခြေခံပညာအထက်တန်း
ကျောင်း၌ ဆေးကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို အထူးကုဆရာဝန် ဒေါက်တာသိန်းသန်းထွန်းက သွားနှင့်ခံတွင်း
ကျန်းမာရေး သိကောင်းစရာများဟောပြောခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက
သွားနှင့်ခံတွင်းပတ်သက်၍ သိရှိလိုသည်များ မေးမြန်းကြရာ
ပြန်လည် ဆွေးနွေးပေးခဲ့သည်။ ထို့နောက် ခွဲစိတ်၊ သားဖွားမီးယပ်၊ မျက်စိ၊ အထွေထွေ၊ ကလေး၊
သွားနှင့်ခံတွင်း အထူးကု ဆရာဝန်ကြီးများက ညောင်လွန့်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ(၂ဝ)ရွာမှ
စုစုပေါင်း လူနာ(၅၄၅)ဦး အား (အခမဲ့)စမ်းသပ် စစ်ဆေး၍ ဆေးကုသပေးခဲ့သည်။
အဆိုပါအခမဲ့
ကွင်းဆင်းကုသခြင်းကို တပ်ကုန်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်တင့်၊ အမျိုးသား
လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ၊မြို့နယ်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းနှင့်ဆရာ/ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
တာဝန်ရှိသူများ၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးနှင့်ဝန်ထမ်းများက လိုအပ်သည်များ
ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တပ်ကုန်း
(ပြန်/ဆက်)
No comments:
Post a Comment