Friday, March 3, 2017

ပျဉ်းမနားမြို့ ယုဇနဈေး၌ မီးဘေးအန္တရာယ် ပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်



နေပြည်တော်   မတ် ၂
ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအတွက် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ယုဇနဈေး၌ မြို့နယ်မီသတ်ဦးစီးဌာနနှင့် ယုဇနဈေး တာဝန်ခံရုံးတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကာကွယ်ရေးပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ် ခြင်းအပါအ၀င် ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားကို မတ် ၂ရက်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါဈေးတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်သူရက မီးဘေးအန္တရာယ် ကာကွယ်ရေး ပညာပေးဟောပြောရာတွင် ဈေးများအတွင်း ရောင်းကုန်ပစ္စည်းများကို သိုလှောင်ခြင်းမပြုဘဲ တစ်နေ့ကုန် လောက်သည့် ပမာဏသာ သယ်ယူရောင်းချရန်၊ ဈေးဆိုင်များအတွင်း ချက်ပြုက်ခြင်းများမပြု လုပ်ကြရန်၊ ဈေးအတွင်း အမွှေးတိုင်၊ ဖယောင်းတိုင်၊ ခြင်ဆေးခွေများ မထွန်းညှိကြရန်နှင့် ခွင့်ပြုချက်မရှိဘဲ လျှပ်စစ်မီးများကို ဆင့်ပွား၍ သုံးစွဲခြင်းမပြုကြရန် ပြောကြားသည်။
ထို့နောက် ယုဇနဈေးတာဝန်ခံ ဦးသိန်းဝင်းနိုင်နှင့် ဈေးသာယာရေးကော်မတီဝင်များ၊ ဈေးဝန် ထမ်းများနှင့် ဈေးသူ၊ ဈေးသားများက ဆီးမီလောင်းခြင်းနှင့် အခြားလောင်စာဆီများ လောင်ကျွမ်းခြင်းတို့ကို ဓာတုဗေဒပေါင်းဒါမှုန့်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်လေ့ကျင့်မှုကို ဆောင်ရွတ်ကြပြီး၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီးဖြင့် မီးလောင်မှုဖြစ်ပွားပါက ငြှိမ်းသတ်သည့်ပုံစံအတိုင်း လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သတင်းရရှိသည်။

စိုးမိုး(ပြန်/ဆက်)

No comments:

Post a Comment